ဟန်ထက်အောင် (Han Htet Aung)

ဒဂုံတက္ကသိုလ် ၊ မြန်မာစာ (တတိယနှစ် ၊ အဝေးသင်) မှ မောင်ဟန်ထက်အောင် (အသက် ၂၂) နှစ် သည် စစ်အာဏာရူး မင်းအောင်လှိုင် နှင့် အကြမ်းဖက်အဖွဲ့ကို အန်တုတော်လှန်ရင်း မတ်လ ၁၄ ရက် ၊ ညနေ ပိုင်းတွင် မြောက်ဥက္ကလာတွင် ကျည်ဆန်ထိ၍ အသက်ပေးလှူသွားခဲ့ပါပြီ ။

မောင်ထက်နိုင်ရှိန်း (Htet Naing Shein)

၁၄ မတ် ၂၀၂၁ နေ့လည် ၁၁း၃၀ ပဲခူးမြို့ မှော်ကန်ရပ်ကွက် ပုဏ္ဏစု ၁၀ လမ်းထိပ် တွင် ရဲနှင့် စစ်တပ်မှ ပစ်ခတ်ရာ ဘယ်ဘက် ရင်အုံကျည်ထိပြီး ကျဆုံး။

ဦးမောင်မောင်ဦး (Maung Maung Oo)

ကုတင် (၃၀၀) ဆေးရုံထဲရှိ ဆရာဝန်၊ ဆရာမများအား ပိတ်ဆို့ထားသည့် သတင်းကြားပြီး ဆိုင်ကယ်နဲ့ အပြေးလာဝန်းရံစဉ် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၁လမ်း၊ ၆၄လမ်းနှင့် ၆၅လမ်းကြား၌ ရဲနှင့်စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးဦးထုပ်ကို ကျည်ဆံဖောက်ကာ ဦးနှောက်ပွင့်၍ နေရာတွင်ပင် ကျဆုံးခဲ့ရပါတယ်။

ကိုရာဇာအောင် (Yar Zar Aung)

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန္တလေးဆိပ်ကမ်းတွင် ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒူးခေါင်းတွင် ကျည်ဆံထိမှန် ဖမ်းဆီးခံရ။ စစ်ကြောရေးစခန်းတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားရာ ၄ ရက်မြောက်နေ့တွင် ဒဏ်ရာပြင်းထန်၍ ဆုံးပါး။

မောင်ဝေယံထွန်း (Wai Yan Tun)

ဒဏ်ရာရသူများကို လှည်းဖြင့်တွန်းတင်ကာ ကူညီပေးသူ။
ကျည်ဆံကြားထဲ ဒဏ်ရာရသူကို ပြန်သွားကယ်ရာမှ ဦးခေါင်းသေနတ်ထိမှန်။
သား မရတော့ဘူးဟု နောက်ဆုံးပြောသွား

ဦးကြည်စိုး ( U Kyi Soe)

Feb 20 နေ့ညနေက ၄၁ လမ်း ကမ်းနားလမ်း ဆန္ဒပြပွဲအတွင်း ပဋိပက္ခမှာစစ်ခွေးတွေရိုက်နှက်မှုကြောင့် အသက်စတေးခဲ့ရတဲ့ အစ်ကိုပါ
ဆွမ်းလောင်းဖို့အတွက် စျေးသွားဝယ်ရင်းအကြမ်းဖက်နှိမ်နှင်းနေတဲ့ ရဲအယောင်ဆောင် မင်းအောင်လှိုင်ရဲ့ ကျွန်စစ်တွေကို ဗီဒီယိုမှတ်တမ်းယူရင်း ဦးခေါင်းရိုက်ခံရ အရိုက်ခံရပြီး ဒဏ်ရာများဖြင့် (အိမ်တွင်) ကွယ်လွန် ကျဆုံးခဲ့တာပါ

ကိုကျော်ထက်ခေါင် (Kyaw Htet Khaung)

အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီ ရရှိရေး တောင်းဆိုပြနေစဉ် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း၊ ၃၄လမ်းနှင့် ၃၅ လမ်းကြားတွင် ရဲနှင့်စစ်သားများ၏ ပစ်ခတ်ခံရပြီး ညာဘက်ရင်အုံ သေနတ်ထိမှန်ကာ ကွယ်လွန်ခဲ့

ဦးကျော်ဇင်လတ် (Kyaw Zin Latt)

ယာဉ်မောင်းလုပ်သားတစ်ဦးဖြစ်၊ မင်္ဂလာဒုံမြို့နယ် ၊မြသီတာရပ်ကွက်မှာ ပြည်သူ့လုံခြုံရေးအတွက် ညကင်းစောင့်ရင်း ညာဘက်ရင်အုံမှာ ကျည်အစစ်နဲ့ပစ်ခတ်တဲ့ဒဏ်ရာကြောင့် ပစ်ခတ်ခံရတဲ့နေရာမှာတင်ကျဆုံး

မောင်နေနေဝင်းထက် (Nay Nay Win Htet)

ကင်းအလှည့်ကျစောင့်ရင်း မီးကွင်းပစ်နေပါတယ်ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က အိမ်တွေကြားထဲပြေးဝင်သွား။ လိုက်ပါသူတွေနဲ့လမ်းလွဲ လူစုကွဲသွား….ခေါင်းမှာဒဏ်ရာနဲ့ ဝေဒနာကိုလူးလှိမ့်ရင်းရန်ကုန်အလာလမ်း၊ ခရီးတဝက်မှာတင်ကျဆုံး။

ကိုနပွား (ခ) ကိုကိုဦး (Napwa / Ko Ko oo)

မနေ့က (၈.၂.၂၀၂၁) ညနေပိုင်းက မန္တလေး မြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း (၃၈ လမ်း၊ ၇၃x၇၈ လမ်းကြား ) မှာ ကားဖြင့် အကြမ်းဖက် ဆင့်တိုက်ခိုက်ခံရပြီး ဆုံးပါးသွားတဲ့ နှစ်ယောက်ထဲကတစ်ဦး

မမြသွဲ့သွဲ့ခိုင် (Mya Thwe Thwe Khine)

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဦးခေါင်းတွင် ကျည်ဆံထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့။ အသက်ရှူစက်ဖြင့် အသက်ဆက်ခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့။ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကွယ်လွန်။

ကိုတူးအောင် (ခ) မာတူး (Too Aung / Mar Too)

မနေ့က (၈.၂.၂၀၂၁) ညနေပိုင်းက မန္တလေး မြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း (၃၈ လမ်း၊ ၇၃x၇၈ လမ်းကြား ) မှာ ကားဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဆုံးပါးသွားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ဟာ အမှတ် ၁၄ အထက ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ၁၉၉၅-၂၀၀၆) ကိုတူးအောင်ဖြစ်ကြောင်း ( စိတ်မကောင်းစွာကြားသိပါရတယ်)
ကောင်းရာ သုဂတိလားပါစေ…