မောင်ဇော်ကိုလတ် (ခ) သေးသေး (Zaw Ko Latt)

မန္တလေးမြို့ စိန်ပန်းရပ် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်တာကြောင့် စိန်ပန်း ၃၈ လမ်း နဲ့ ကမ်းနားလမ်းအနီးမှာ ဗိုက်ကို ကျည်မှန်သေဆုံးခဲ့ပါတယ်။

မောင်ရဲနေမင်း (Ye Nay Min)

မန္တလေးမြို့ စိန်ပန်းရပ် ၄၁ လမ်း ပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်တာကြောင့် ခေါင်းကိုကျည်မှန်သေဆုံးခဲ့။ ရုပ်အလောင်းကို စစ်သားနှင့် ရဲသားများ ယူဆောင်သွားခဲ့ပြီး ရုပ်အလောင်းကိုပြန်မရသေး။

ဒေါက်တာဖြိုးသန့်ဝေ (Phyo Thant Wai)

ဒေါက်တာ ဖြိုးသန့်ဝေဟာ မတ် ၂၇ ရက်က အ ကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန် ယ​​နေ့ နံနက်ပိုင်းတွင် ကျဆုံးခဲ့။
မန္တလေး ဆေးတက္ကသိုလ် 2005 Batch။

ဒေါက်တာ သီဟတင်ထွန်း

၂၈၊ ၃၊ ၂၀၂၁ ခုနှစ်၂၇.၃.၂၀၂၁ (တော်လှန်ရေးနေ့) တွင် မန္တလေးမြို့၌ အာဏာသိမ်း စစ်ကောင်စီ ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆေးတက္ကသိုလ်-မန္တလေး မှ ပြင်ဦးလွင်ဆေးရုံကြီးက ဆရာဝန် ဒေါက်တာ သီဟတင်ထွန်း မှာ ဦးခေါင်း နှင့် လက်မောင်းတွင် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့ရပါသည်။

မပန်းအိဖြူ (ခ) စွလ်သွလ်နား (Pan EI Phyu)

မိတ္ထီလာ၊ ​တော်ဝင်နန်းအနီး ဒဟတ်တန်းတွင် ယ​နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်​ကောင်စီတပ်များက ​နေအိမ်အတွင်းဝင်​ရောက်၍ အသက် ၁၅ နှစ်အရွယ် ၇တန်း​ကျောင်းသူ မပန်းအိဖြူကို ပစ်သတ်လိုက်​ကြောင်း၊ ရင်ဘတ်ကျည်ထိ၍ ပွဲချင်းပြီးကွယ်လွန်သွား​ကြောင်း ကျန်ရစ်သူ မိသားစုက ​ပြောဆိုသည်။

ကိုနေမျိုးကျော် (ခ) ကိုနေမျိုး (Nay Myo Kyaw)

ကယ်ဆယ်ရေး လုပ်အားရှင် ကိုနေမျိုးကျော်။
မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာတွင် ထိခိုက်သူများအား ကူညီရန်သွားစဥ် ရင်ဘတ်ကျည်ထိပြီး ကျဆုံး။

မောင်ထွန်းထွန်းအောင် (Tun Tun Aung)

မန္တလေးမြရည်နန္ဒာအိမ်ယာရပ်ကွက် နေ မောင်ထွန်းထွန်းအောင်သည် အမေအတွက် သောက်ရေခပ်ပေးဖို့ အပြင်ထွက်ရင်း sniperမှန်သွား။ ရင်ဘက် ထုံချင်းပေါက်ကို ထိပြီးကျဆုံး။

မောင်ဇော်မျိုးထက် (Zaw Myo Htet)

ချမ်းအေးသာစံမြို့နယ် ပြည်ကျော်ဈေးအနီး ‘စီယာတိုင်’ ကဖေးမှ အသက် ၁၅ နှစ်အရွယ် စားပွဲထိုးဝန်ထမ်း မောင်ဇော်မျိုးထက်ဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုဖြိုးဝေထွန်း (Phyo Wai Tun)

မန္တလေးတွင် မတ် ၂၁ ညပိုင်းက ပစ်ခတ်မှုများကြောင့် အနည်းဆုံးပြည်သူ ၃ ဦးကျဆုံး။အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်းသည် ပြည်ကြီးတံခွန် မြို့နယ် ၅၆ လမ်းနှင့် ၁၂၂ လမ်းထောင့်တွင် သေနတ်ပစ်ခံရပြီး ဘယ်ဘက်ခါးမှ ညာဘက်ခါးအထိ ထုတ်ချင်းပေါက် ဒဏ်ရာဖြင့် ပွဲချင်းပြီးကျဆုံး။

ဦးတွတ်ကြီး ( Tut Gyi )

မန္တလေး အောင်ပင်လယ်ရပ်ကွက်တွင်လည်း မတ်လ ၂၁ ရက်နေ့ နေ့ခင်းပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချဉ်ပေါင်းရောင်းသည့် အသက် ၅၃ နှစ်အရွယ် ဦးတွတ်ကြီး ကျဆုံး။

ကိုအောင်ကိုကိုခန့် (Aung Ko Ko Khant)

မတ်လ ၁၅ ရက် ပစ်ခတ်မူဖြစ်စဥ်တွင် မျက်နှာတွင်ကျည်ထိမှန်သွားသော ကိုအောင်ကိုကိုခန့် အသက် ၂၇သည် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျဆုံးခဲ့သည် ။

ဦးမောင်မောင်ဦး (Maung Maung Oo)

ကုတင် (၃၀၀) ဆေးရုံထဲရှိ ဆရာဝန်၊ ဆရာမများအား ပိတ်ဆို့ထားသည့် သတင်းကြားပြီး ဆိုင်ကယ်နဲ့ အပြေးလာဝန်းရံစဉ် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၁လမ်း၊ ၆၄လမ်းနှင့် ၆၅လမ်းကြား၌ ရဲနှင့်စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးဦးထုပ်ကို ကျည်ဆံဖောက်ကာ ဦးနှောက်ပွင့်၍ နေရာတွင်ပင် ကျဆုံးခဲ့ရပါတယ်။

ကိုရာဇာအောင် (Yar Zar Aung)

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန္တလေးဆိပ်ကမ်းတွင် ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒူးခေါင်းတွင် ကျည်ဆံထိမှန် ဖမ်းဆီးခံရ။ စစ်ကြောရေးစခန်းတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားရာ ၄ ရက်မြောက်နေ့တွင် ဒဏ်ရာပြင်းထန်၍ ဆုံးပါး။

မောင်ဝေယံထွန်း (Wai Yan Tun)

ဒဏ်ရာရသူများကို လှည်းဖြင့်တွန်းတင်ကာ ကူညီပေးသူ။
ကျည်ဆံကြားထဲ ဒဏ်ရာရသူကို ပြန်သွားကယ်ရာမှ ဦးခေါင်းသေနတ်ထိမှန်။
သား မရတော့ဘူးဟု နောက်ဆုံးပြောသွား

ဦးကြည်စိုး ( U Kyi Soe)

Feb 20 နေ့ညနေက ၄၁ လမ်း ကမ်းနားလမ်း ဆန္ဒပြပွဲအတွင်း ပဋိပက္ခမှာစစ်ခွေးတွေရိုက်နှက်မှုကြောင့် အသက်စတေးခဲ့ရတဲ့ အစ်ကိုပါ
ဆွမ်းလောင်းဖို့အတွက် စျေးသွားဝယ်ရင်းအကြမ်းဖက်နှိမ်နှင်းနေတဲ့ ရဲအယောင်ဆောင် မင်းအောင်လှိုင်ရဲ့ ကျွန်စစ်တွေကို ဗီဒီယိုမှတ်တမ်းယူရင်း ဦးခေါင်းရိုက်ခံရ အရိုက်ခံရပြီး ဒဏ်ရာများဖြင့် (အိမ်တွင်) ကွယ်လွန် ကျဆုံးခဲ့တာပါ

ကိုကျော်ထက်ခေါင် (Kyaw Htet Khaung)

အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီ ရရှိရေး တောင်းဆိုပြနေစဉ် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း၊ ၃၄လမ်းနှင့် ၃၅ လမ်းကြားတွင် ရဲနှင့်စစ်သားများ၏ ပစ်ခတ်ခံရပြီး ညာဘက်ရင်အုံ သေနတ်ထိမှန်ကာ ကွယ်လွန်ခဲ့

ကိုနပွား (ခ) ကိုကိုဦး (Napwa / Ko Ko oo)

မနေ့က (၈.၂.၂၀၂၁) ညနေပိုင်းက မန္တလေး မြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း (၃၈ လမ်း၊ ၇၃x၇၈ လမ်းကြား ) မှာ ကားဖြင့် အကြမ်းဖက် ဆင့်တိုက်ခိုက်ခံရပြီး ဆုံးပါးသွားတဲ့ နှစ်ယောက်ထဲကတစ်ဦး

ကိုတူးအောင် (ခ) မာတူး (Too Aung / Mar Too)

မနေ့က (၈.၂.၂၀၂၁) ညနေပိုင်းက မန္တလေး မြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း (၃၈ လမ်း၊ ၇၃x၇၈ လမ်းကြား ) မှာ ကားဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဆုံးပါးသွားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ဟာ အမှတ် ၁၄ အထက ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ၁၉၉၅-၂၀၀၆) ကိုတူးအောင်ဖြစ်ကြောင်း ( စိတ်မကောင်းစွာကြားသိပါရတယ်)
ကောင်းရာ သုဂတိလားပါစေ…