မစုစုကြည် (Su Su Kyi)

တောင်ကိုရီးယားဘဏ် Shinhan Bank ကြိုပို့ယာဥ်သည် မတ်လ ၃၁ ရက်​နေ့ ညနေ ၅ နာရီ ဦးချစ်မောင်လမ်းအတိုင်းမောင်းလာစဉ် အကြမ်းဖက်စစ်​ကောင်စီတပ်များက သေနတ်ဖြင့် ပစ်ခတ်၍ ဦး​ ခေါင်းကျည်ထိမှန်သွား​ခဲ့ပြီး ဧပြီ ၂ တွင် နံနက် ၉နာရီတွင် ကွယ်လွန်သည်။

မောင်ဇော်ကိုလတ် (ခ) သေးသေး (Zaw Ko Latt)

မန္တလေးမြို့ စိန်ပန်းရပ် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်တာကြောင့် စိန်ပန်း ၃၈ လမ်း နဲ့ ကမ်းနားလမ်းအနီးမှာ ဗိုက်ကို ကျည်မှန်သေဆုံးခဲ့ပါတယ်။

မောင်ရဲနေမင်း (Ye Nay Min)

မန္တလေးမြို့ စိန်ပန်းရပ် ၄၁ လမ်း ပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်တာကြောင့် ခေါင်းကိုကျည်မှန်သေဆုံးခဲ့။ ရုပ်အလောင်းကို စစ်သားနှင့် ရဲသားများ ယူဆောင်သွားခဲ့ပြီး ရုပ်အလောင်းကိုပြန်မရသေး။