မသင်ဇာဟိန်း (Thin Zar Hein)

အမည်သင်ဇာဟိန်း
အသက်20
အလုပ်အကိုင်သူနာပြုသင်တန်း၊ ဒုတိယနှစ်တက်ရောက်နေသူ
သေဆုံးစေသည့်အကြောင်းရင်း ဦးခေါင်းကျဥ်ထိ
တိုက်ခိုက်ခံရသည့်နေ့3/28/2021
အခင်းဖြစ်သည့်နေရာစစ်ကိုင်းတိုင်း၊ မုံရွာ မြို့
ကျဆုံးသည့်နေ့3/28/2021
Synopsis
ဖြစ်စဉ်အကျဉ်း

အသက် ၂၀ အရွယ် သူနာပြု မသဉ္ဇာဟိန်းသည် ရတနာပုံရပ်ကွက်၌ ဒဏ်ရာရသူများကို ဝင်ရောက်ဆွဲယူပြီး ကုသပေးနေစဉ် ခေါင်းကို အပစ်ခံရပြီး ကျဆုံးခြင်း ဖြစ်သည်။
“ကျောင်းသားသပိတ်စစ်ကြောင်းက လူစုခွဲသွားပြီးသွားပြီ။ အဲဒီတော့မှ ရပ်ကွက်တွေထဲထိ ဝင်ပစ်တာ။ အဲဒါကို Medical Cover Team (ကယ်ဆယ်ကုသရေးအဖွဲ့) က ဒဏ်ရာရသူတွေကို လမ်းဘေးဆွဲ၊ တစ်နေရာမှာ ကုပေးရတာ။ အဲဒီချိန်မှာ ပစ်ခံရတာ” ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ကျဆုံးသူ မသဉ္ဇာဟိန်းသည် စစ်ကိုင်းတိုင်း၊ ကနီမြို့မှ မုံရွာသို့လာရောက်၍ သူနာပြုသင်တန်း၊ ဒုတိယနှစ်တက်ရောက်နေသူ တစ်ဦးဖြစ်သည်။

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မ
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုမရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ
နေရပ်လိပ်စာစစ်ကိုင်းတိုင်း၊ ကနီမြို့
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(သူရဲကောင်း… သို့)

ညီမလေး နာမည်က မသင်ဇာဟိန်း ဖြစ်ပြီး ဒုတိယနှစ်ကျောင်းသူ (NMTS monywa) လို့ သိရပါတယ်

၂၃.၂.၂၀၂၁ မုံရွာပြည်သူ လုထုရှေ့မှာ ပြောခဲ့တဲ့ ညီမလေးရဲ့ ပြတ်သားလွန်းတဲ့စကား ၊ ရဲရင့်လွန်းတဲ့ သတ္တိတွေနဲ့ မိန့်ခွန်းကြောင့် အားလုံး ရင်ထဲမှာ ရောက်ရှိနေခဲ့ပြီးသူလေးပါ

အသက်(၂၀) နဲ့ ဒီမိုကရေစီအရေးအတွက် လမ်းပေါ်ထွက်တာကို အိမ်ကမကြိုက်လို့ နယ်ကနေ မုံရွာ အဆောင်မှာ တစ်ယောက်ထဲ လာနေပြီး တိုက်ပွဲ၀င်နေတာလို့ သိရပါတယ်
ငယ်ရွယ်ပြီး တတ်ကြွလွန်းတဲ့ ညီမလေးတစ်ယောက်ပါ

🙏ကောင်းရာသုဂတိလားပါစေ ညီမလေးရေ🙏
(Crd: FB Link )

ဓူဝံကြယ်ပြီးရင် ဒုတိယ အလင်းလက်ဆုံး ကြယ်ကို “မုံရွာလူငယ်” လို့ရေးလိုက်လို့ ပြောခဲ့တဲ့ မုံရွာက ကြယ်လေးတစ်ပွင့်ကြွေခဲ့ပြီ

မသဉ္ဇာဟိန်း ဟာ အာဏာရှင်စနစ်ကို လုံးဝအလိုမရှိတာကြောင့် နယ်ဘက်ကနေတက်လာ မုံရွာမှာ အဆောင်ငှားပြီး တော်လှန်ရေးတိုက်ပွဲမှာ တစိုက်မတ်မတ် နေ့စဉ်တစ်ရက်မပြတ် သပိတ်တွေဆင်နွှဲပြီး ပါဝင်ခဲ့တာပါ။ ကိုယ်တတ်တဲ့ ဆေးပညာနဲ့လည်း ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုလည်း အကူအညီပေးခဲ့ပါသေးတယ်။

အိမ်ကိုတော့ ဘာပြောခဲ့လဲဆိုတော့ အောင်ပွဲရမှပဲပြန်လာခဲ့မယ်တဲ့။ နောက်ဆုံး တောခိုပြီး တိုက်ပွဲဝင်ဖို့အထိတောင် စဉ်းစားထားခဲ့ပြီးသားပါ။ ပုပုသေးသေးလေး ရဲရဲဝံ့ဝံ့ရှိခဲ့တဲ့ အပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ မိန့်ခွန်းတွေလည်း ဟောပြောခဲ့ပါသေးတယ်။ သူ့ရဲ့မိန့်ခွန်းကြောင့် လူသိပိုများခဲ့ရပြီး အများကအားကျ၊ နောက်အနာဂတ်မှာ အားကိုးလို့ရမယ့် သူတစ်ဦးဆိုပြီး အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

သူမ ရဲ့ social စာမျက်နှာမှာတော့ “ခင်ဗျားတို့မှာ အမာရွတ်တွေ မရှိသရွေ့ ဒဏ်ရာတွေနဲ့လူတွေကို နားလည်ပေးနိုင်အုံးမှာမဟုတ်ဘူး” လို့တင်ထားပါတယ်။

သူပြန်မလာနိုင်တော့တာကို ကျွန်တော် ကျွန်မတို့အားလုံးခွင့်လွှတ် မပေးစရာ အကြောင်းမရှိပေမယ့် အခုလိုမျိုး စိတ်အားထက်သန်၊ တော်လှန်ရေးစိတ်ပြင်းထန် ပြီး ပညာတော် သူရဲကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ ဒီမိုကရေစီ တန်ဖိုးတစ်ရက်ထက်တစ်ရက်ပိုကြီးလာပါပြီ။ ဒီတိုက်ပွဲကို နိုင်အောင်တိုက်နိုင်မှ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအပေါ်တာဝန်ကျေရာ ကျမှာပါ။

အရေးတော်ပုံအောင်ရမည်။
Crd. Fallen Heroes of Myanmar


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos
ယနေ့ကျဆုံးသွားသော မုံရွာသူနာပြု တက္ကသိုလ်မှ သူရဲကောင်း မသင်ဇာဟိန်းရဲ့ ၂၃.၂.၂၀၂၁ မုံရွာပြည်သူ လုထုရှေ့မှာ ပြောခဲ့တဲ့ မိန့်ခွန်းကို ဂုဏ်ပြုမှတ်တမ်းအဖြစ် သိမ်းထားချင်ပါတယ် ။
ညီမလေးရဲ့ ပြတ်သားလွန်းတဲ့စကား ၊ ရဲရင့်လွန်းတဲ့ သတ္တိတွေနဲ့ မိန့်ခွန်းကြောင့် အားလုံး ရင်ထဲမှာ ရောက်ရှိနေခဲ့ပြီးသူလေးပါ။ video credit ပါ။
စိတ်ထားလေးကမြင့်မြတ်ပြီး ပြတ်သားလွန်းတယ် ညီမငယ် အချိန်စောစွာကြွေလွင့်ခဲ့ရတာ ရင်နာမိတယ် ။ rest in power ပါ ညီမလေးရယ် 😭😭😭
သင်းတို့ ပြန်လည်ပေးဆပ်ရမှာတွေ ပိုတိုးလာခဲ့ပြန်ပြီပေါ့။
28/March/2021/Sunday .
မသင်ဇာဟိန်းရဲ့ ၂၃.၂.၂၀၂၁ မုံရွာပြည်သူ လုထုရှေ့မှာ ပြောခဲ့တဲ့ မိန့်ခွန်း (2)
မသင်ဇာဟိန်းရဲ့ ၂၃.၂.၂၀၂၁ မုံရွာပြည်သူ လုထုရှေ့မှာ ပြောခဲ့တဲ့ မိန့်ခွန်း (3)

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
  • Myanmar Now (Link)
    မုံရွာမြို့တွင် သူနာပြုတစ်ဦးနှင့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံး
    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်တွင် စစ်ကောင်စီအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့က ဆန္ဒပြလူငယ်များကို ကယ်ဆယ်ကုသပေးနေသည့် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် ယနေ့ (မတ်၂၈) တွင် ကျဆုံးသည်။
  • BBC Burmese (link)
    ဒဏ်ရာရသူတွေကို ကူနေတဲ့ မုံရွာမြို့က သူနာပြုဆရာမတစ်ဦး ခေါင်း ကျည်ထိလို့ သေဆုံးတဲ့ အကြောင်းအပါအဝင် ဘီဘီစီရဲ့နောက်ဆုံး ရသတင်းများတိုက်ရိုက်တင်ဆက်မှု

Leave a Reply

Your email address will not be published. Required fields are marked *