ဒေါက်တာ သီဟတင်ထွန်း

အမည်သီဟတင်ထွန်း
အသက်
အလုပ်အကိုင်ဆရာဝန်
သေဆုံးစေသည့်အကြောင်းရင်းဦးခေါင်း နှင့် လက်မောင်းတွင် ကျည်ဆန်ထိ
တိုက်ခိုက်ခံရသည့်နေ့3/27/2021
အခင်းဖြစ်သည့်နေရာမန္တလေး 42 83 84
ကျဆုံးသည့်နေ့3/27/2021
Synopsis
ဖြစ်စဉ်အကျဉ်း

၂၈၊ ၃၊ ၂၀၂၁ ခုနှစ်၂၇.၃.၂၀၂၁ (တော်လှန်ရေးနေ့) တွင် မန္တလေးမြို့၌ အာဏာသိမ်း စစ်ကောင်စီ ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆေးတက္ကသိုလ်-မန္တလေး မှ ပြင်ဦးလွင်ဆေးရုံကြီးက ဆရာဝန် ဒေါက်တာ သီဟတင်ထွန်း မှာ ဦးခေါင်း နှင့် လက်မောင်းတွင် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့ရပါသည်။

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုရှိ/မရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ
နေရပ်လိပ်စာ
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(သူရဲကောင်း… သို့)

ဝမ်းနည်းကြေကွဲခြင်း
ရက်စွဲ – ၂၈၊ ၃၊ ၂၀၂၁ ခုနှစ်၂၇.၃.၂၀၂၁ (တော်လှန်ရေးနေ့) တွင် မန္တလေးမြို့၌ အာဏာသိမ်း စစ်ကောင်စီ ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆေးတက္ကသိုလ်-မန္တလေး မှ ဒေါက်တာ သီဟတင်ထွန်း မှာ ဦးခေါင်း နှင့် လက်မောင်းတွင် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့ရပါသည်။
ထိုကဲ့သို့ ‌အာဏာသိမ်းစစ်ကောင်စီ၏ မတရားပစ်ခတ်မှုကြောင့် ဆေးလောက ၏ တန်ဖိုးရှိသော ဆရာဝန်တစ်ဦး ကြွေလွင့်ရခြင်းအပေါ် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ဒေါက်တာ သီဟတင်ထွန်း အား နွေဦးတော်လှန်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့သော “ဆေးလောက သူရဲကောင်း” အဖြစ် ကျွန်တော်၊ ကျွန်မတို့၏ UMMG 12/2007 (8th batch ) Alumni မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
UMMG 12/2007 (8th batch) Alumni

ကျောင်းဆရာဘဝမှာ တပည့်အဆိုး၊ အလယ်အလတ်၊ အကောင်း မျိုးစုံကိုခင်မင်ကြုံတွေ့ခွင့်ရခဲ့တယ်။
ဒီအထဲမှာ ဒီတစ်ယောက်ကတော့ အနေအေးတဲ့ တပည့်လူကောင်းလေးတစ်ယောက်မို့ မှတ်မိနေဆဲပဲ။
ခုတော့စိတ်မကောင်းဖြစ်ရပြီပေါ့
Dr. သီဟတင်ထွန်း Farewell letter လေးက တာဝန်ကျေတဲ့ လူသားတစ်ယောက်အဖြစ် သမိုင်းမှတ်တိုင် ကမ္ဗည်းမှတ်တမ်းထိုးခဲ့ပါပြီ
Ko Soe


ဒေါက်တာ သီဟတင်ထွန်း သေတမ်းစာ

Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
  • ဆေးတက္ကသိုလ်မန္တလေးမှ ဒေါက်တာသီဟတင်ထွန်းကျဆုံး (Link)
    (27.3.2021) က 42လမ်း ၊ 83-84 ကြားမှာ ခေါင်းကိုပစ်ခတ်ခံရပြီး စစ်ကားပေါ်ခေါ်ဆောင်သွားခံရတဲ့ အမည်မသိအမျိုးသားဟာ ဒေါက်တာသီဟတင်ထွန်းဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အခင်းဖြစ်နေရာမှာ ကျန်ရစ်တဲ့ဖိနပ်ကိုကြည့်ပြီး အတည်ပြုပါတယ်။ဒေါက်တာသီဟတင်ထွန်းဟာ (27.3.2021) နံနက် (9)နာရီခန့်ကစပြီး မိသားစု၊ မိတ်ဆွေများနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရာက ဒီနေ့နံနက်မှ အတည်ပြုသတင်းရခဲ့တာပါ။
    မျက်မြင်တွေရှိသူတွေအဆိုအရ ဒေါက်တာသီဟတင်ထွန်းက အခင်းဖြစ်နေရာမှာ သဲအိတ်တွေအတင်အချပြုလုပ်ရင်း ဦးခေါင်းကိုတစ်ချက်၊ လက်မောင်းကိုတစ်ချက် ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ကျဆုံးအလောင်းကို လက်နက်ကိုင်များက ယူဆောင်သွားပြီး အခင်းဖြစ်နေရာမှာ ကျည်ဆန် ထုတ်ချင်းပေါက် သွေးစွန်းနေတဲ့ safety helmet တစ်လုံးနဲ့ ဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
    ဒေါက်တာသီဟတင်ထွန်းအလောင်းကို (28.3.2021) ညနေ (5:00)အထိ ကျန်ရစ်သူမိသားစုက ပြန်လည်ရရှိခြင်းမရှိသေးပါဘူး။ ဒေါက်တာသီဟတင်ထွန်းဟာ UMM(12/2010)batch က ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ယခုဆိုရင် ဆေးတက္ကသိုလ်မန္တလေးက ဒေါက်တာ ဖြိုးသန့်ဝေနဲ့ ဒေါက်တာသီဟတင်ထွန်း ဆရာဝန်နှစ်ဦး ကျဆုံးခဲ့ပြီဖြစ်ပါတယ်။
    Rest in power ပါ
  • ဝမ်းနည်းကြေကွဲခြင်း UMMG 12/2007 (8th batch) Alumni (Link)
  • မနေ့က ကျဆုံးသွားတဲ့ မန်းလေးမှ ဒေါက်တာ သီဟတင်ထွန်း သေတမ်းစာ ကြိုရေးထား ခဲ့တာ ဝမ်းနည်းစွာ သိရ (Link)
    Dr သီဟတင်ထွန်းဟာ မန္တ​လေး ၄၂ လမ်းမှာ ခွေးတွေဝိုင်းလာလို့ ရပ်ကွက်ကိုသဲအိတ်တွေ အတင်အချပြုလုပ်​ပေး​နေရာတုန်း ​​ခွေးတွေက လက်​မောင်းကိုတစ်ချက်၊ ​ခေါင်းကို တစ်ချက်ပစ်ပြီး ရုပ်အ​လောင်းကိုဆွဲလုသွားတယ်လို့သိရပါတယ်ရပ်ကွက်​နေပြည်သူများ ဝိုင်းလု​ပေမယ့် ပြန်မရခဲ့ပါဘူးမိသားစုမှာ အ​လောင်းပင် ပြန်မရသည့် ​ကြေကွဲဖွယ်ရာ အ​ရေး​ပေါ် အ​​ခြေအ​နေဖြစ်နေပါတယ်12/2010 Batch မှဖြစ်ပြီး ပြင်ဦးလွင်မှ လက်ထောက်ဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်အေးချမ်းစွာ အနားယူပြီး ကောင်းသောဘုံဘဝ ရောက်ပါစေ ဆရာ 🙏🥲🙏

Leave a Reply

Your email address will not be published. Required fields are marked *