မောင်ဇော်မျိုးထက် (Zaw Myo Htet)

အမည်မောင်ဇော်မျိုးထက်
အသက်16
အလုပ်အကိုင်
သေဆုံးစေသည့်အကြောင်းရင်း
တိုက်ခိုက်ခံရသည့်နေ့3/12/2021
အခင်းဖြစ်သည့်နေရာမန္တလေးမြို့
ကျဆုံးသည့်နေ့3/12/2021
Synopsis
ဖြစ်စဉ်အကျဉ်း

မန္တလေးတွင် မတ် ၂၁ ညပိုင်းက ပစ်ခတ်မှုများကြောင့် အနည်းဆုံးပြည်သူ ၃ ဦးကျဆုံး။ 

ကျဆုံးသူတစ်ဦးမှာ ချမ်းအေးသာစံမြို့နယ် ပြည်ကျော်ဈေးအနီး ‘စီယာတိုင်’ ကဖေးမှ အသက် ၁၅ နှစ်အရွယ် စားပွဲထိုးဝန်ထမ်း မောင်ဇော်မျိုးထက်ဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။ မောင်ဇော်မျိုးထက်သည် ပဲခူးတိုင်း နတ္တလင်းမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ရန် ရောက်လာသည်မှာ ၂ ရက်သာရှိပြီး ယမန်နေ့ညက စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ချိန် လက်ဖက်ရည်ဆိုင်အပြင်ဘက် အပေါက်ဝကို ထွက်ကြည့်ရာမှ သေနတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုရှိ/မရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ
နေရပ်လိပ်စာပဲခူးတိုင်း နတ္တလင်းမြို့
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(သူရဲကောင်း… သို့)

“ဆိုင်ရှေ့လေးမှာခွေခွေလေးသေနေတာ။ ကျွန်မသားလေးကဘာအပြစ်ရှိလို့လဲရှင် ဆန္ဒပြသူလည်း မဟုတ်ဘူး။ ကျွန်မသားလေး ဒီလိုအသေဆိုးနဲ့ သေရသလို နင်တို့စစ်အာဏာရှင်တွေ ကျဆုံးကြပါစေ” ဟု မောင်ဇော်မျိုးထက်၏မိခင် ဒေါ်လှလှရီက အော်ဟစ်ငိုယိုရင်းပြောသည်။


(Crd: Link )


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
  • Irrawaddy News (Link)
    မန္တလေးတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ညဘက် အကြမ်းဖက် ပစ်ခတ်မှု စားပွဲထိုးတဦး သေဆုံးခဲ့ဧရာဝတီ၊ မတ် ၂၂၊ ၂၀၂၁မန္တလေးမြို့ပေါ်ရှိ ၃၅ လမ်းမှ ၃၁ လမ်းထိ ၈၇ လမ်းတလျှောက်တွင် ယမန်နေ့ည ၁၁ နာရီခန့်က လူစုလူဝေးမရှိဘဲ စစ်တပ်နှင့် ရဲတပ်ဖွဲ့များက ညာသံပေးဝင်ပြီး အသံဗုံးများ ဖောက်ခွဲကာ လမ်းပေါ် တွေ့သူများကို ပစ်ခတ်ခဲ့သဖြင့် လက်ဘက်ရည်ဆိုင်မှ အသက် ၁၆ နှစ် အရွယ် စားပွဲထိုးတဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အတူ ရပ်ကွက် ကင်းစောင့်သူအချို့ပျောက်ဆုံးနေသလို ရပ်ကွက် အတွင်းရှိ အိမ်တချို့ကို တံခါးများ ရိုက်ချိုးဖျက်ဆီးကာ နေအိမ်အတွင်းရှိလူများကို ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်သွားကြောင်း သိရသည်။ သေဆုံးသွားသည့် စတီယာတိုင် လက်ဘက်ရည်ဆိုင်မှ အသက် ၁၆ နှစ်အရွယ် စားပွဲထိုးမှာ ထိုဆိုင်တွင် အလုပ်လုပ်ရန်ရောက်ရှိလာသည်မှာ ၂ ရက်သာရှိသေးသည်ဟု သိရသည်။
    ဓာတ်ပုံ – CJ (Source: Link)

Leave a Reply

Your email address will not be published. Required fields are marked *