ကိုမင်းမင်းဇော် (Min Min Zaw)

အမည်ကိုမင်းမင်းဇော်
အသက်27
အလုပ်အကိုင်
သေဆုံးစေသည့်အကြောင်းရင်းဦးခေါင်းသို့ ကျည်မှန်၊
တိုက်ခိုက်ခံရသည့်နေ့3/12/2021
အခင်းဖြစ်သည့်နေရာမုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ၊ ဗိုလ်တေဇလမ်း ၊ စစ်ကိုင်း
ကျဆုံးသည့်နေ့3/12/2021
Synopsis
ဖြစ်စဉ်အကျဉ်း

မုံရွာမြို့၊ ဗိုတေဇလမ်း ပစ်ခတ်ခံရ ခေါင်းထိသူ ကိုမင်းမင်းဇော် (ကျဆုံး) သည်၊ သံစည်ပုံးအကာအကွယ် မှ ကျည်ဖောက်ပီး ထိမှန်ခြင်းဖြစ်သည်

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား/မ
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ ဇနီး၊ ၄ နှစ်အရွယ်သမီး
အိမ်ထောင်မှုရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ၄ နှစ်အရွယ်သမီး
နေရပ်လိပ်စာ
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(သူရဲကောင်း… သို့)

 နန္ဒဝန်ရပ်ကွက်အတွင်းမှာ ခုခံကာကွယ်ပေးတဲ့ Defense Team နဲ့အတူ ဝန်းရံကူညီ‌ပေးခဲ့တဲ့ ကိုမင်းမင်း‌ဇော် (ခ) အငယ်လေး ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့ (၂၁.၃.၂၀၂၁) မှာ ဦးခေါင်းထိပြီး ကျဆုံးသွားခဲ့


(Crd: FB Link )


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Heroes (Link)
  • Mizzima News (Link)
    မုံရွာမြို့၊ ဗိုတေဇလမ်း ပစ်ခတ်ခံရ ခေါင်းထိသူ ကိုမင်းမင်းဇော် (ကျဆုံး) သည်၊ သံစည်ပုံးအကာအကွယ် မှ ကျည်ဖောက်ပီး ထိမှန်ခြင်းဖြစ်သည်
  •  Monywa Gazette
    မုံရွာ ဗိုလ်တေဇလမ်းပစ်ခတ်ဖြိုခွင်းမှု တစ်ဦးကျဆုံး
    မုံရွာဂေဇက်မုံရွာ၊မတ်-၂၁
    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက် ဗိုလ်တေဇလမ်းတွင် ရဲ၊စစ်တပ်နှင့်ပြည်သူတို့ ယနေ့နံနက် ၁၀နာရီခွဲခန့်က ထိပ်တိုက်တွေ့ရာ အမျိုးသားတစ်ဦး ဦးခေါင်း ကျည်ထိမှန်ပြီး သုံးဦးဒဏ်ရာပြင်းထန်သည်။ဗိုလ်တေဇလမ်းအား ဘူဒိုဇာ ၊ရဲကား၊စစ်ကားအင်အားအလုံးအရင်း အတားအဆီးများကိုရှင်းလင်းကာ ဝင်ရောက်စဉ် လူထုသပိတ်စစ်ကြောင်းဖြင့်တွေ့၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။သေဆုံးသူမှာ နန္ဒဝန်ရပ်ကွက်နေ ကိုမင်းမင်းဇော်(၂၇နှစ်) ဖြစ်သည်။၎င်းတွင် ဇနီး နှင့် လေးနှစ်ရွယ်သမီးတစ်ဦးကျန်ရစ်သည်။
    “ပင်မသပိတ်က တခြားရပ်ကွက်မှာ ဆန္ဒပြနေတုန်း ရဲနဲ့စစ်တွေက နန္ဒဝန် ဗိုလ်တေဇဘက်မှာ ပစ်တာ။ “ဟု နန္ဒဝန်ရပ်ကွက်နေသူက ပြောသည်။
    နန္ဒဝန်ရပ်ကွက်အတွင်း မုံရွာနယ်မြေစခန်း (အမှတ်-၂) အနီး ချဉ်းကပ်လာသော လူထုအားလည်း ရဲများမှ ဆက်တိုက်ပစ်ခတ်နေသည်ကိုတွေ့ရသည်။ရဲနှင့် စစ်တပ်သည် ဗိုလ်တေဇလမ်းတလျောက်ဆက်လက် ပစ်ခတ်ရှင်းလင်းနေရာ ကျောက္ကာလမ်း အုတ်ကန်တောရကျောင်းရှေ့နှင့် ပေ ၈၀လမ်းထိပ်တို့တွင် ဆက်လက်ပိတ်ဆို့ထားသည်။မုံရွာတွင် မတ်လ၃ရက်မှ ယနေ့ လက်ရှိအချိန် အထိ ကျဆုံးသူ ၁၂ဦးရှိပြီဖြစ်သည်။ Source – Monywa Gazette
  • Myanmar Now (Link)
    မုံရွာ၌ စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဗိုလ်တေဇလမ်းပေါ်၌ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ရန် အတားအဆီး များပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်း သဖြင့် အမျိုးသားတစ်ဦးတစ်ဦး ကျဆုံးခဲ့ကြောင်း မြို.ခံ ဆရာဝန်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။ သေဆုံးသူ ကိုမင်းမင်းဇော်ဆိုသူဖြစ်ပြီး မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း၌ ရှေ့တန်းမှပါဝင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီ လက်နက်ကိုင်များပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ဒဏ် ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အသေးစိတ်အချက်လက်ကိုမူ အတည်မပြုနိုင်သေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *