ကိုသက်ပိုင်စိုး (Thet Pai Soe)

အမည်ကိုသက်ပိုင်စိုး (FB)
အသက်28
အလုပ်အကိုင်
သေဆုံးစေသည့်အကြောင်းရင်းကျည်မှန်၊ ဦးခေါင်းသို့ ကျည်မှန်၊
တိုက်ခိုက်ခံရသည့်နေ့3/20/2021
အခင်းဖြစ်သည့်နေရာတာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ကျောက်ရေတွင်းနှင့် မြို့သစ် ၂လမ်းထောင့်
ကျဆုံးသည့်နေ့3/20/2021
Synopsis
ဖြစ်စဉ်အကျဉ်း

ရန်ကုန်​ကျောက်​​​​မြောင်း၊မြို့သစ် ၂ လမ်းထိပ်တွင် မတ်လ ၂၀ ရက်​နေ့ မွန်းလွဲ ၁ နာရီတွင် ဦးခေါင်းကျည်မှန် ပစ်သတ်ခံရ​။
အဖေက စစ်သားမို့လို့ မိဘတွေက စစ်တန်းလျားမှာ နေရသော်လည်း အာဏာသိမ်းခြင်းက အဓမ္မဆိုတာကိုသိမြင်ခဲ့သူ။
အပြင်မှာတိုက်ခန်းငှားနေပြီး သူငယ်ချင်းတွေနဲ့ နေ့တိုင်းထွက်တိုက်တဲ့သူ။ ကျောက်မြောင်းအုပ်စု def line မှာနေပြီး ဦးထုပ်မပါ ဒိုင်းကာမပါ လက်နက်မပါပဲ ခွေးတွေရှိမရှိ ရှေ့ပြေးအနေနဲ့သွားကြည့်တာကို sniper နဲ့ပစ်ခံခဲ့ရ

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုရှိ/မရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ
နေရပ်လိပ်စာတာမွေမြို့နယ်၊ ပုသိမ်ညွန့် ၂လမ်း
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(ကိုသက်ပိုင်… သို့)

ငါ့ကိုကြီး ကိုသက်ပိုင် မထင်ထားခဲ့ဘူးဗျာ
တွေ့တိုင်း အမြဲစနောက်တတ်သူကြီးဗျာ
အရမ်းခင်ဖို့ကောင်းတတ်သူကြီးဗျာခုတော့ဗျာ…….😭💔😭
ငါ့ကိုကြီး ကောင်းရာမွန်ရာနေရာသို့ ရောက်ပါစေဗျာ
[RIP]
Ťhuŕain Ŵin

ကိုယ်ကရှေ့က ၊ကျဆုံးသွားတဲ့အစ်ကိုကနောက်က အတူတူပြေးကြတာပဲ အစ်ကိုရယ် တာမွေမလွှကုန်းထိပ်ကနေ ကျည်အစစ်နဲ့ လှမ်းပစ်နေတုန်း နှစ််လံလောက်အကွာမှာ တစ်ယောက်ထိသွားတယ်ဆိုပီး ပြန်လှည့်ပြေးပွေ့ကောက်တော့ စစ်ခွေးတွေဆက်တက်လာလို့ ကျနော်ပစ်ထားခဲ့ပီးပြေးရတဲ့ခံစားချက်ဟာခါးသီးလွန်းတယ် အစ်ကို့ရဲ့ လွယ်အိတ်လေးတစ်လုံး အထဲမှာ ဒန်အိုးလေးကို ကျည်ကာဖို့ထည်ထားတယ် အဲ့ဒါကိုခေါင်းကိုမှတည့်တည့်ပစ်ရက်တယ် သေနတ်ထိထိချင်းပဲ သွေးတွေ ဒလဟောထွက်ပီး ခေါင်းနောက်ကနေ ရှေ့နှာခေါင်းရိုးမွသွားတဲ့ မြင်ကွင်းကို ဖျောက်မရဘူး အသက်က ၂၈ နှစ် အမည်က ကိုသက်ပိုင်စိုး လို့သိရပါတယ် ကိုယ့်ရှေ့တင်ကျဆုံးသွားတော့ အိမ်ရှေ့အထိAmbulance နဲ့လိုက်သွားပီး ရင်နာနာနဲ့ပို့ပေးခဲ့တယ် ဒုက္ခပေးမယ့်ကောင်တွေက ဘယ်လိုပဲနေနေဆက်ဒုက္ခပေးမှာပဲအားမလျှော့ဘူး အရေးတော်ပုံအောင်ရမည်
Saw Min Shain

” ကိုကြီး မဟုတ်ပါစေနဲ့ ”ဆိုတဲ့ဆုတောင်းတွေကမပြည့်ခဲ့ဘူး ကိုကြီးရာ…
အဖေကစစ်သား ၊ မိသားစုကစစ်တပ်ကမို့လိုင်းခန်းမှာနေနေရတော့ ဆန္ဒပြ ထွက်ဖို့အဆင်မပြေမှာစိုးလို့အပြင်မှာတိုက်ခန်းငှားနေပြီးသူငယ်ချင်းတွေနဲ့ နေ့တိုင်းထွက်တိုက်တဲ့ကိုကြီး ၊သူများတွေလိုပုံတွေဘာတွေမတင်ပေမယ့်ရှေ့ဆုံးကနေနေ့တိုင်း ထွက်တိုက်ခဲ့တဲ့ကိုကြီး၊ဒီနေ့ကျောက်မြောင်းအုပ်စု def line မှာနေပြီးဦးထုပ်မပါ ဒိုင်းကာမပါ လက်နက်မပါပဲခွေးတွေရှိမရှိ ရှေ့ပြေးအနေနဲ့သွားကြည့်တာကိုsniper နဲ့ပစ်လိုက်တယ်တဲ့…
ရင်တွေကွဲရပါတယ်ကိုကြီးရယ်အရင်းမဟုတ်ပေမယ့်ညီအကိုအရင်းတွေထက်ပိုချစ်ပါတယ် ပိုခင်မင်ပါတယ်ဗျာ..
ဘယ်သူမေးမေး ဝမ်းကွဲအကိုလို့ပဲပြောခဲ့တာ..
အရမ်းစိတ်ကောင်းရှိပြီး လူချစ်လူခင်ပေါလည်းပေါတဲ့ကိုကြီးအိမ်ကိုလာပါဦး မုန့်ဖိုးပေးပါဦးအဖွားပေါင်ပေါ်မှာအိပ်ပြီးမှပြန်ပါဦးကောင်မလေးတွေအများကြီးထားလို့ဆူပါဦးဆုံးမပါဦးလားတော်လှန်ရေးပြီးရင် Club သွားကြမယ်ကျွန်တော့်ကိုကားမောင်းသင်ပေးမယ်ဆို သူရဲကောင်းကြီး…
အများအတွက် ကိုယ့်အသက်ကိုတောင် မငဲ့ပဲရှေ့ထွက်ခဲ့တဲ့ ကိုကြီးရေကောင်းရာမွန်ရာကိုရောက်မှာပါဒီလိုနိုင်ငံမှာတော့လူပြန်မဝင်စားပါစေနဲ့တော့ဗျာ
Rest in power
Crd….Kaung khantt


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
  • Facebook Account (Link)
  • ကျောက်မြောင်း သွေးမြေကျပြီကွာ😢😢
    ခေါင်းထိ ကျောက်ရေတွင်းနဲ့ မြုိ့သစ် ၂ လမ်းထောင့် source- ကိုယ်တိုင်
  • ရန်ကုန်​ကျောက်​​​​မြောင်း၊မြို့သစ် ၂ လမ်းထိပ်တွင် မတ်လ ၂၀ ရက်​နေ့ မွန်းလွဲ ၁ နာရီတွင် ပစ်သတ်ခံရ​သော လူငယ်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်များ ဆက်သွယ်ကြရန် တာ​မွေမှ ပြည်သူများက သတင်းထုတ်ပြန်ထားသည်။ (Khit Thit Media)
  • တာမွေတွင် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည့် လူငယ်ကို နေ့ချင်း သင်္ဂြိုဟ်ဧရာဝတီ၊ မတ် ၂၀၊ ၂၀၂၁ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားသည့် ကိုသက်ပိုင်စိုး (၂၈ နှစ်) ကို နေ့ချင်း သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။တာမွေမြို့နယ်၊ ကျောက်ရေတွင်းလမ်းနှင့် မြို့သစ် ၂ လမ်းထောင့်တွင် ယနေ့ နေ့လယ်ပိုင်း၌ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် ကိုသက်ပိုင်စိုးမှာ ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ကိုသက်ပိုင်စိုး​၏ ရုပ်အလောင်းကို အာဏာသိမ်း စစ်​ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲက လာလုမည်စိုးသဖြင့် ယခုလို ချက်ချင်း သင်္ဂြိုဟ်ရခြင်း ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်တပ်နှင့်ရဲ အင်အား အများအပြားသည် တာမွေမြို့နယ်ရှိ ရပ်ကွက်လမ်းများ အတွင်းသို့ ဝင်ကာ အကြမ်းဖက် ပစ်ခတ်မှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူပိုင် ကားများကိုလည်း ဘူဒိုဇာဖြင့် ဝင်တိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – CJ (The Irrawaddy Burmese News)

Leave a Reply

Your email address will not be published. Required fields are marked *