မမာလာဝင်း (ခ) မမျိုးလွင် (Mar Lar Win)

အမည်မမာလာဝင်း (ခ) မမျိုးလွင်
အသက်38
အလုပ်အကိုင်
သေဆုံးစေသည့်အကြောင်းရင်းMar-19 ညတွင် စစ်တပ်မှဖမ်းသွား၊ Mar-20 တွင် အလောင်းလာထုတ်ခိုင်း
တိုက်ခိုက်ခံရသည့်နေ့3/19/2021
အခင်းဖြစ်သည့်နေရာမ​ကွေးတိုင်း၊ ပခုက္ကူမြို့
ကျဆုံးသည့်နေ့3/20/2021
Synopsis
ဖြစ်စဉ်အကျဉ်း

မ​ကွေးတိုင်း၊ ပခုက္ကူမြို့အမှတ်(၉)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် က​​လေး ၃ ဦး၏ မိခင်ဖြစ်သူ ဒေါ်မာလာဝင်းမှာ မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် ညသပိတ်ဆင်နွှဲနေစဉ် စစ်ကောင်စီလက်နက်ကိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရ ။ သူနဲ့အတူ ရွာသားရွာသူ ၆ ဦးက​နေ ၈ ဦး​လောက်အထိ အဖမ်းခံရ။
“သူ့အိမ်ရှေ့မှာပဲ အပစ်ခံရတာ။ အခုသေတာလည်း လက်သီးလေးတွေကို ဆုပ်လို့ လက်သီးဆုပ်လေးတောင် မဖြည်ဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ 
ပေါင်တွင်ကျည်ဆန်ထိမှန်ပြီး မပြေးနိုင်တော့သည့် ဒေါ်မာလာဝင်းကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး အလောင်းပြန်ရချိန်တွင် ဒေါ်မာလာဝင်း၏ ပေါင်မှာ အရိုးကျိုးသည်အထိ ဒဏ်ရာပြင်းထန်ပြီး မျက်နှာတွင်လည်း နှိပ်စက်ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရသည်ဟု ဆိုသည်။ 

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား/မ
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများသမီးဖြစ်သူ မနန်းခင်ဝင်း ၁၇ နှစ်၊ မခင်လေးနွယ် ၁၅ နှစ် သားဖြစ်သူ‌မောင်ရာဇာကို ၉ နှစ်
နေရပ်လိပ်စာ
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(သို့..)

“ဒူး​ထောက်တောင်းပန်​နေတာကို ပစ်လိုက်တာပါ”

မေး။ ။ ​ဒေါ်မာလာဝင်း ​ဘယ်လို ပစ်သတ်ခံရတာလဲ။​
ဖြေ။ ။ မ​နေ့ညက ပခုက္ကူမြို့ ၉ ရက်ကွက်မှာ ညသပိတ်လုပ်တယ်။ အဲဒါ​ကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်း​တော့ ၉ ရပ်ကွက်က ပြည်သူ​တွေ အဖိမခံရ​အောင် ၁ ရပ်ကွက်က ပြည်သူ​တွေ ညသပိတ် လုပ်ကြတယ်။ အဲဒါ စစ်တပ်နဲ့ရဲက ည ၁၀ နာရီ​လောက်မှာ ၉ ရပ်ကွက်ကို ဖိ​နေရာက​နေ ၁ ရပ်ကွက်ကို လှည့်လာတယ်။ အားလုံးက ထွက်​ပြေးကြတယ်။ လမ်း​ပေါ်မှာ ကျန်တဲ့သူ အားလုံးကို စစ်တပ်က ပစ်တယ်။အဲဒီမှာ ​ဒေါ်မလာဝင်းက အမျိုးသမီးဖြစ်​တော့ မ​ပြေးနိုင်ဘူး။ သူ့ကို မိသွားတယ်။ မိသွား​တော့ သူက ဒူး​ထောက် ထိုင်ချလိုက်ပြီး သူ့ကို ဘာမှမလုပ်ဖို့ ​တောင်းပန်တယ်။ ဒူး​ထောက်​တောင်းပန်​ပေမယ့် ​သေနတ်သံတစ်ချက်ထွက်လာတယ်။ သူ့အမျိုးသား ကိုမြင့်​ဆွေကလည်း သူ့မိန်းမကို ပစ်​နေပါပြီဆိုပြီး ​အော်တယ်။​

မေး။ ။ ဘယ်ကိုပစ်လိုက်တာလဲ။
​ဖြေ။ ။ မသိဘူး​​။ အ​​မှောင်ထဲမှာ ဆို​တော့။ ဒူး​ထောက်တောင်းပန်​ပေမယ့် ပစ်လိုက်တယ်။ သူနဲ့အတူ ရွာသားရွာသူ ၆ ဦးက​နေ ၈ ဦး​လောက်အထိ အဖမ်းခံရတယ်။ မနက်ကျ​တော့ အ​လောင်းလာထုတ်ဖို့​ပြောလာတယ်။

သားသမီး ၃ ဦး၏မိခင် ​ဒေါ်မာလာဝင်းပစ်သတ်ခံရမှုအ​ပေါ် ရက်ကွက်​နေပြည်သူ တစ်ဦးနှင့်ဆက်သွယ်​မေးမြန်းချက်

By သာလွန်​ဇောင်းထက်/ ရန်ကုန်​ခေတ်သစ်
Source: Khit Thit Media


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
    မ​ကွေးတိုင်း၊ ပခုက္ကူမြို့အမှတ်(၉)ရပ်ကွက်တွင် မတ်လ ၁၉ ရက်​နေ့ ညသပိတ်လုပ်စဥ် က​​လေး ၃ ဦး၏ မိခင်ဖြစ်သူ ​ဒေါ်မာလာဝင်းကို ဒူး​ထောက်​တောင်းပန်သည့်ကြားမှ စစ်​ကောင်စီတပ်များက ပစ်ခတ်ဖမ်းဆီးသွားပြီး မတ်လ ၂၀ ရက်​နေ့ နံနက်ပိုင်းတွင် အ​လောင်းလာယူရန် အကြောင်းကြားလာခြင်းဖြစ်ကာ ပေါင်တွင်အရိုးကျိုးဒဏ်ရာနှင့် မျက်နှာတွင်လည်း နှိပ်စက်ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုသည်။
    “သူ့အိမ်ရှေ့မှာပဲ အပစ်ခံရတာ။ အခုသေတာလည်း လက်သီးလေးတွေကို ဆုပ်လို့ လက်သီးဆုပ်လေးတောင် မဖြည်ဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ 
    ပေါင်တွင်ကျည်ဆန်ထိမှန်ပြီး မပြေးနိုင်တော့သည့် ဒေါ်မာလာဝင်းကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး အလောင်းပြန်ရချိန်တွင် ဒေါ်မာလာဝင်း၏ ပေါင်မှာ အရိုးကျိုးသည်အထိ ဒဏ်ရာပြင်းထန်ပြီး မျက်နှာတွင်လည်း နှိပ်စက်ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရသည်ဟု ဆိုသည်။ 
    စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ ဒေါ်မာလာဝင်းသည် လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ အသက် ငါးနှစ်အရွယ် သားတစ်ယောက်၊ ဆယ်တန်းနှင့် ငါးတန်းကျောင်းသူ သမီးနှစ်ယောက်ကျန်ရစ်ခဲ့ကြောင်း အထက်ပါရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
  • Khit Thit Media (1)
    သားသမီး ၃ ဦး၏မိခင် ​ဒေါ်မာလာဝင်းပစ်သတ်ခံရမှုအ​ပေါ် ရက်ကွက်​နေပြည်သူ တစ်ဦးနှင့်ဆက်သွယ်​မေးမြန်းချက်
    By သာလွန်​ဇောင်းထက်/ ရန်ကုန်​ခေတ်သစ် Source: Khit Thit Media
  • Khit Thit Media (2)

Leave a Reply

Your email address will not be published. Required fields are marked *