ကိုကျော်လင်းထိုက် (Kyaw Linn Htaik)

အမည်ကိုကျော်လင်းထိုက် (FB)
အသက်30
အလုပ်အကိုင်
သေဆုံးစေသည့်အကြောင်းရင်းဒိုင်းကာရင်း ရင်ဘတ် ကျည်ဆန်ထိမှန်
တိုက်ခိုက်ခံရသည့်နေ့3/14/2021
အခင်းဖြစ်သည့်နေရာကချင်ပြည်နယ် ဖားကန့်မြို့၊ မရှီကထောင်ရပ်
ကျဆုံးသည့်နေ့3/14/2021
Synopsis
ဖြစ်စဉ်အကျဉ်း

ဖားကန့်မြို့ ဆိပ်မူရပ်ကွက်(၄)နေ ကိုကျော်လင်းထိုက်သည် သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။ မိဘ (၂) ပါးမရှိကြတော့ဘဲ မိုးညှင်း GTC ကျောင်းဆင်းဖြစ်ကာ အသက် (၃၀) အရွယ် ရှမ်းနီတိုင်းရင်းသား တစ်ဦးလည်းဖြစ်သည်။ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖြိုခွင်းပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်းထိပ်ဝမှ ရင်ဘက်အတွင်းထိ လိုဏ်ပေါက်ဒဏ်ရာကြောင့် မရှီကထောင်ရပ်ကွက် မရှီကထောင်ကုန်းဆင်း စိန်ချိုကွမ်းယာဆိုင်ရှေ့တွင် ကျဆုံးခဲ့ရသည်။
ရုပ်အလောင်းအား လက်ရှိအချိန် ဆိုင်းတောင် ရှမ်းနီတိုင်းရင်းသားရုံးတွင် ထားရှိ။

ကောင်းရာ သုဂတိလားပါစေ…

အခြား အချက်အလက်များ (more . .)
ဆက်နွယ်သော လုပ်ငန်း၊ဌာန၊ အသင်း၊အဖွဲ
ကျား/မကျား
မွေးနေ့
အမျိုးသားမှတ်ပုံတင်အမှတ်
ဖခင်အမည်
မိခင်အမည်
သားချင်းများ
အိမ်ထောင်မှုရှိ/မရှိ
အိမ်ထောင်ဖက်အမည်
သားသမီးများ
နေရပ်လိပ်စာဖားကန့်မြို့၊ ဆိပ်မူရပ်ကွက် (၄)
ဖုန်းနံပါတ်
ကျန်ရစ်သူမိသားစု ဘဏ်အကောင့်

Life and Activities

ရှင်သန်ခဲ့ရာဘဝ နှင့် လှုပ်ရှားမှုအမှတ်တရများ

Remembrance and tributes

ဂုဏ်ပြု လွမ်းဆွတ် သတိရမှုများ

(ကိုကျော်လင်းထိုက်… သို့)

သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။ ဖားကန့်တွင် ပထမဦးဆုံးအကြိမ် သေဆုံးခြင်းဖြစ်ကာ ထိမှန်သည့်ကျည်မှာ ကျည်အစစ်ဖြစ်ကြောင်းလည်း သိရသည်။
ရုပ်အလောင်းအား လက်ရှိအချိန် ဆိုင်းတောင် ရှမ်းနီတိုင်းရင်းသားရုံးတွင် ထားရှိ။


(Crd: Myitkyina News )


Crime Scene and Evidences

အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။ သူရဲကောင်းတို့ ပေးဆပ်ခဲ့ရမှုကို မှတ်တမ်းအရ သာ တင်ပါသည်။ မိသားစုမှ တောင်းဆိုပါက အမြန်ဆုံး ဖြုတ်ချပါမည်။

“Graphic Content Warning” “Viewer Discretion Advised”

Images

Videos

Extreme Graphics Warning

TW: Blood, Wound, Gunshot, Death အောက်ပါ ရုပ်ပုံများသည် အလွန် အမြင်မတော် (သို့) သွေးထွက်သံယိုများပါသည်။

(Click on Image to view)


Funeral, Mourning and Memorial Events

နာရေးနှင့် ဆုတောင်းပွဲများ

Sources and Media Coverage

  • Honor Heroes Myanmar (Link)
  • Heroes of Spring Revolution (Link)
  • Nway Oo Myanmar (Link)
  • Personal Facebook Account (Link)

Myitkyina News Journal (Link)
ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းခံရသဖြင့် ပထမဆုံး အမျိုးသားတစ်ဦး ရင်ဘတ်ကျည်ဆံထိမှန် သေဆုံး။
ဖားကန့်၊မတ်-၁၄
ယနေ့ မတ်လ(၁၄)ရက်နေ့ ဖားကန့်မြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခဲ့ရာ အမျိုးသားတစ်ဦး၏ ရင်ဘတ်သို့ ကျည်ဆံထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဆိုင်းတောင် ရပ်ကွက် (၄) နေ အသက် (၃၀) အရွယ် ကိုကျော်လင်းထိုက်ဆိုသူ ဖြစ်ပြီး ဖားကန့်တွင် ပထမဦးဆုံးအကြိမ် သေဆုံးခြင်းဖြစ်ကာ ထိမှန်သည့်ကျည်မှာ ကျည်အစစ်ဖြစ်ကြောင်းလည်း သိရသည်။
သတင်း/ ဓာတ်ပုံ – စစ်ကိုနိုင်ထွန်း

Myitkyina News Journal (Link)
ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့ရသည့် ကိုကျော်လင်းထိုက်၏ နာရေးမြင်ကွင်း။
*****
ကိုကျော်လင်းထိုက်၏ ရုပ်အလောင်းအား လက်ရှိအချိန် ဆိုင်းတောင် ရှမ်းနီတိုင်းရင်းသားရုံးတွင် ထားရှိသည်ဟုသိရသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ် မှုကြောင့် သေဆုံးသွားသည့် ဖားကန့်မြို့ ဆိပ်မူရပ်ကွက် (၄) နေကိုကျော်လင်းထိုက်သည် သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။
မိဘ (၂) ပါးမရှိကြတော့ဘဲ မိုးညှင်း GTC ကျောင်းဆင်းဖြစ်ကာအသက် (၃၀) အရွယ် ရှမ်းနီတိုင်းရင်းသား တစ်ဦးလည်း ဖြစ်သည်။
နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖြိုခွင်း ပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်းထိပ်ဝမှ ရင်ဘက်အတွင်းထိ လိုဏ်ပေါက်ဒဏ်ရာကြောင့် မရှီကထောင်ရပ်ကွက် မရှီကထောင်ကုန်းဆင်း စိန်ချိုကွမ်းယာဆိုင်ရှေ့တွင် ကျဆုံးခဲ့ရသည်။
သတင်း/ ဓာတ်ပုံ – စစ်ကိုနိုင်ထွန်း

Leave a Reply

Your email address will not be published. Required fields are marked *