ဒေါက်တာဖြိုးသန့်ဝေ (Phyo Thant Wai)

ဒေါက်တာ ဖြိုးသန့်ဝေဟာ မတ် ၂၇ ရက်က အ ကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန် ယ​​နေ့ နံနက်ပိုင်းတွင် ကျဆုံးခဲ့။
မန္တလေး ဆေးတက္ကသိုလ် 2005 Batch။

မသင်ဇာဟိန်း (Thin Zar Hein)

အသက် ၂၀ အရွယ် သူနာပြု မသဉ္ဇာဟိန်းသည် ရတနာပုံရပ်ကွက်၌ ဒဏ်ရာရသူများကို ဝင်ရောက်ဆွဲယူပြီး ကုသပေးနေစဉ် ခေါင်းကို အပစ်ခံရပြီး ကျဆုံးခြင်း ဖြစ်သည်။ ၂၃.၂.၂၀၂၁ မုံရွာပြည်သူ လုထုရှေ့မှာ ပြောခဲ့တဲ့ ညီမလေးရဲ့ ပြတ်သားလွန်းတဲ့စကား ၊ ရဲရင့်လွန်းတဲ့ သတ္တိတွေနဲ့ မိန့်ခွန်းကြောင့် အားလုံး ရင်ထဲမှာ ရောက်ရှိနေခဲ့ပြီးသူလေးပါ

ဒေါက်တာ သီဟတင်ထွန်း

၂၈၊ ၃၊ ၂၀၂၁ ခုနှစ်၂၇.၃.၂၀၂၁ (တော်လှန်ရေးနေ့) တွင် မန္တလေးမြို့၌ အာဏာသိမ်း စစ်ကောင်စီ ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆေးတက္ကသိုလ်-မန္တလေး မှ ပြင်ဦးလွင်ဆေးရုံကြီးက ဆရာဝန် ဒေါက်တာ သီဟတင်ထွန်း မှာ ဦးခေါင်း နှင့် လက်မောင်းတွင် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့ရပါသည်။

မပန်းအိဖြူ (ခ) စွလ်သွလ်နား (Pan EI Phyu)

မိတ္ထီလာ၊ ​တော်ဝင်နန်းအနီး ဒဟတ်တန်းတွင် ယ​နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်​ကောင်စီတပ်များက ​နေအိမ်အတွင်းဝင်​ရောက်၍ အသက် ၁၅ နှစ်အရွယ် ၇တန်း​ကျောင်းသူ မပန်းအိဖြူကို ပစ်သတ်လိုက်​ကြောင်း၊ ရင်ဘတ်ကျည်ထိ၍ ပွဲချင်းပြီးကွယ်လွန်သွား​ကြောင်း ကျန်ရစ်သူ မိသားစုက ​ပြောဆိုသည်။

ကိုနေမျိုးကျော် (ခ) ကိုနေမျိုး (Nay Myo Kyaw)

ကယ်ဆယ်ရေး လုပ်အားရှင် ကိုနေမျိုးကျော်။
မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာတွင် ထိခိုက်သူများအား ကူညီရန်သွားစဥ် ရင်ဘတ်ကျည်ထိပြီး ကျဆုံး။

မောင်ထွန်းထွန်းအောင် (Tun Tun Aung)

မန္တလေးမြရည်နန္ဒာအိမ်ယာရပ်ကွက် နေ မောင်ထွန်းထွန်းအောင်သည် အမေအတွက် သောက်ရေခပ်ပေးဖို့ အပြင်ထွက်ရင်း sniperမှန်သွား။ ရင်ဘက် ထုံချင်းပေါက်ကို ထိပြီးကျဆုံး။

မောင်ဇော်မျိုးထက် (Zaw Myo Htet)

ချမ်းအေးသာစံမြို့နယ် ပြည်ကျော်ဈေးအနီး ‘စီယာတိုင်’ ကဖေးမှ အသက် ၁၅ နှစ်အရွယ် စားပွဲထိုးဝန်ထမ်း မောင်ဇော်မျိုးထက်ဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုဖြိုးဝေထွန်း (Phyo Wai Tun)

မန္တလေးတွင် မတ် ၂၁ ညပိုင်းက ပစ်ခတ်မှုများကြောင့် အနည်းဆုံးပြည်သူ ၃ ဦးကျဆုံး။အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်းသည် ပြည်ကြီးတံခွန် မြို့နယ် ၅၆ လမ်းနှင့် ၁၂၂ လမ်းထောင့်တွင် သေနတ်ပစ်ခံရပြီး ဘယ်ဘက်ခါးမှ ညာဘက်ခါးအထိ ထုတ်ချင်းပေါက် ဒဏ်ရာဖြင့် ပွဲချင်းပြီးကျဆုံး။

ဦးတွတ်ကြီး ( Tut Gyi )

မန္တလေး အောင်ပင်လယ်ရပ်ကွက်တွင်လည်း မတ်လ ၂၁ ရက်နေ့ နေ့ခင်းပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချဉ်ပေါင်းရောင်းသည့် အသက် ၅၃ နှစ်အရွယ် ဦးတွတ်ကြီး ကျဆုံး။

မလျံဇွာလ်အီး (ခ)မဇွာလီ (Zuali)

အကြမ်းဖက်စစ်အုပ်စု ​က We Love Myanmar ရန်ကုန် ပရိဟိတရုံး ဓားပြတိုက်စီးနင်းပြီး ရုံးအပေါ်ထပ် ၅ လွှာရှိ အဖွဲ့ဝင်အမျိုးသမီးနေအိမ်ကို စစ်အုပ်စုမှ သေနတ်ဖောက် တံခါး​ခေါက် ဖွင့်ခိုင်းခဲ့။ စစ်တပ်ဖွဲ့က ပစ်ခတ်ပြီး နောက်ဖေးလမ်းကျားထဲ တွန်းချခဲ့ (ကြောက်ပြီး ခုန်ချဟု ပြောဆိုမှုလည်း ရှိ)။

မောင်အောင်ကောင်းထက် (ခ) ကောင်းကောင်း (Aung Kaung Htet)

မတ်လ ၂၀ ရက်​နေ့ သာကေတမြို့နယ်တွင် စစ်ကောင်စီတပ်က ရပ်ကွက်ထဲထိဝင်ပစ်ရာ ၁၅ နှစ်အရွယ် (၉) တန်း ကျောင်းသား မောင်အောင်ကောင်းထက်ရဲ့ မျက်နှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရသည်။

ကိုခွန်ကျော်စွာလင်း (ခ) ကျော်စွာ (Kun Kyaw Swar Lin)

လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သုခမှတ်တိုင်အနီး သုခမြိုင် အင်းစိန်လမ်းမ Mar-19 ညတွင် စစ်တပ်မှဖမ်းသွား၊ Mar-20 တွင် အလောင်းလာထုတ်ခိုင်း

မမာလာဝင်း (ခ) မမျိုးလွင် (Mar Lar Win)

ပေါင်တွင်ကျည်ဆန်ထိမှန်ပြီး မပြေးနိုင်တော့သည့် ဒေါ်မာလာဝင်းကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး အလောင်းပြန်ရချိန်တွင် ဒေါ်မာလာဝင်း၏ ပေါင်မှာ အရိုးကျိုးသည်အထိ ဒဏ်ရာပြင်းထန်ပြီး မျက်နှာတွင်လည်း နှိပ်စက်ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရသည်ဟု ဆိုသည်။

ကိုမျိုးမြင့်အောင် (ခ) မဲကြီး (Myo Myint Aung)

မတ်လ ၁၉ ရက်​နေ့ညပိုင်း လှိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်များက ပစ်ခတ်ဖမ်းဆီးခဲ့​သေ WYTU EP major မှ အင်ဂျင်နီယာ ကိုမျိုးမြင့်​အောင်သည် ၂၀ ရက် နံနက်ပိုင်း ​သေဆုံးသွားပြီဖြစ်၍ အ​လောင်းလာ​ရောက် ထုတ်ယူရန် အ​ကြောင်းကြားလာ​ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရှိရ။

ကိုသက်ပိုင်စိုး (Thet Pai Soe)

အဖေက စစ်သားမို့လို့ မိဘတွေက စစ်တန်းလျားမှာ နေရသော်လည်း အာဏာသိမ်းခြင်းက အဓမ္မဆိုတာကိုသိမြင်ခဲ့သူ။
အပြင်မှာတိုက်ခန်းငှားနေပြီး သူငယ်ချင်းတွေနဲ့ နေ့တိုင်းထွက်တိုက်တဲ့သူ။ ကျောက်မြောင်းအုပ်စု def line မှာနေပြီး sniper နဲ့ပစ်ခံခဲ့ရ

ကိုအောင်ကိုကိုခန့် (Aung Ko Ko Khant)

မတ်လ ၁၅ ရက် ပစ်ခတ်မူဖြစ်စဥ်တွင် မျက်နှာတွင်ကျည်ထိမှန်သွားသော ကိုအောင်ကိုကိုခန့် အသက် ၂၇သည် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျဆုံးခဲ့သည် ။

မပန်းမြတ်ခြယ် (ခ) ဆိုမိုင်ယာဘီဘီ (Pan Myat Chel)

အကြမ်းဖက်ရဲနှင့်စစ်တပ်ဖွဲ့များမှ ပစ်ခတ်ခြင်းကြောင့် ရင်ဘတ်ကို ကျည်ထိမှန်ကာ ကွယ်လွန်ခဲ့။ ဆန္ဒပြပွဲ အစပြုတဲ့နေ့ကစပြီး ယနေ့အထိ တစ်ရက်မပျက်ဘဲ သတ္တိရှိရှိ ရှေ့တန်းကနေ ဒိုင်းကာ ဦးဆောင်ခဲ့သူ။ သူမသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး လေးနှစ်အရွယ် သားငယ်လေး၏ မိခင်လည်း ဖြစ်ပါသည်။

ကိုကျော်လင်းထိုက် (Kyaw Linn Htaik)

GTC ကျောင်းဆင်း ရှမ်းနီတိုင်းရင်းသား
ကိုကျော်လင်းထိုက်သည် သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖြိုခွင်းပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်းထိပ်ဝမှ ရင်ဘက်အတွင်းထိ လိုဏ်ပေါက်ဒဏ်ရာကြောင့် မရှီကထောင်ရပ်ကွက် မရှီကထောင်ကုန်းဆင်း စိန်ချိုကွမ်းယာဆိုင်ရှေ့တွင် ကျဆုံးခဲ့ရသည်။

လှိုင်းဂျက်မောင် (Hlaing Jet Maung)

ရွှေပြည်သာ၊အမှတ်(၁) မိချောင်းအိုင်ရပ်ကွက်နေ၊ ထ(၁)နားတွင် ဒိုင်းကာရင်း ကျည်ထိကျဆုံး။ အငယ်ဆုံးသားလေး ရေသန့်ပို့ပြီးမိဘကိုရှာကျွေးနေသူ။

မောင်ကျော်ဇေယျာထွန်း (Kyaw Zeyar Tun)

ရွှေပြည်သာ အ.ထ.က (၁)ကျောင်းရှေ့မှာ မျက်လုံးနဲ့ပေါင်ထိပြီး ကျဆုံးသွားတာပါ။ အမည်က ကျော်ဇေယျာထွန်း၊ ၁၇ နှစ်ပဲရှိပါသေးတယ်။ မြင်းလှည်းမောင်းသူဟုသိရ။

မဇူးဝင့်ဝါ (Zue Wint Wah)

တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ်လမ်းဆုံ၌ မတ်လ ၁၄ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရ၍ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့ ရောက်ရှိလာသူများအနက် အသက် ၁၅ နှစ် အရွယ် မဇူးဝင့်ဝါဆိုသူ ကျဆုံးခဲ့သည်။

ကိုစောပြည့်စုံ (ခ) စောလဲပွဲ (Saw Pyae Sone)

ညကပြန်မလာလို့ စိတ်ပူနေရင်း မနက်ကျတော့ အင်းစိန် အထက (၁) မှာ အလောင်းပဲသွားကောက်ခဲ့ရ။ ခေါင်းကိုကျည်ထိမှန်ခြင်းဖြစ်။ ရှမ်းကုန်းလမ်းအမှတ်(၅၅) နံ့သာကုန်း ရပ်ကွက် နေ။

မောင်ခန့်ညားဟိန်း (ခ) အာကာဇော် (Khant Nyar Hein / Arkar Zaw)

တာမွေစခန်း (၄၀) ရှေ့ သပိတ်စစ်ကြောင်းဖြိုခွင်းရာမှ ရင်ဘတ်ကျည်ထိ ဒဏ်ရာ ရရှိခဲ့ပြီး တရွတ်တိုက်ဆွဲကာ ခေါ်ဆောင်သွားခဲ့သဖြင့် သေဆုံး။ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပထမနှစ်ကျောင်းသား။

ဟန်ထက်အောင် (Han Htet Aung)

ဒဂုံတက္ကသိုလ် ၊ မြန်မာစာ (တတိယနှစ် ၊ အဝေးသင်) မှ မောင်ဟန်ထက်အောင် (အသက် ၂၂) နှစ် သည် စစ်အာဏာရူး မင်းအောင်လှိုင် နှင့် အကြမ်းဖက်အဖွဲ့ကို အန်တုတော်လှန်ရင်း မတ်လ ၁၄ ရက် ၊ ညနေ ပိုင်းတွင် မြောက်ဥက္ကလာတွင် ကျည်ဆန်ထိ၍ အသက်ပေးလှူသွားခဲ့ပါပြီ ။

မောင်ထက်နိုင်ရှိန်း (Htet Naing Shein)

၁၄ မတ် ၂၀၂၁ နေ့လည် ၁၁း၃၀ ပဲခူးမြို့ မှော်ကန်ရပ်ကွက် ပုဏ္ဏစု ၁၀ လမ်းထိပ် တွင် ရဲနှင့် စစ်တပ်မှ ပစ်ခတ်ရာ ဘယ်ဘက် ရင်အုံကျည်ထိပြီး ကျဆုံး။